Monday, June 2, 2008

သပိတ်မှောက် မှ...ခေတ်မီတယ် ဗျို့ 

၃၁ရက်. ၂၀၀၈

အမိမြန်မာပြည်၏ လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေး တို့အတွက် မိုင်၃၀၀၀ ကျော် ခရီးစဉ်အားချီတက်နေကြသော ၈၈ စစ်ကြောင်းမှ ကိုအေသင်နှင့် ကိုဇော်မင်းထွေး တို့ သည်..မိုင်၂၂၀၀ကျော်ခရီးပေါက်ခါံပြီးဖြစ်၍ Illinois State, Chicago တွင် ခရီး တထောက်နားခဲ့ပါသည်။
ဤသို့ ခရီးတခေါက်နားစဉ်တွင် မေ ၃၁ ၌ Chicago မြို့  တရုပ် ကောင်စစ် ၀န် ရုံးရှေ့ ၌ ပီကင်းအိုလံပစ်ကို သပိတ်မှောက်ခဲ့ကြပါသည်။
ဤ သပိတ်မှောက်ပွဲသို့  ၈၈ စစ်ကြောင်းနှင့်အတူ Chicago ရှိမြန်မာ မျိုးချစ်အဖွဲ့ များ။ Indiana ရှိမြန်မာ မျိုးချစ်အဖွဲ့ များ။ US campaign Burma အုပ်စုများပါဝင်ဆန္ဒပြပြီး..တရုပ်နိုင်ငံ၏ အလံကိုဆန့် ကျင်သော အားဖြင့် မီးရှို့  ဖျက်ဆီးခဲ့ကြပါသည်။

ဇွန်လ (၁) ရက်တွင် wheaton မြို့ တွင် Chicago ရှိ မြန်မာ မျိုးချစ်အဖွဲ့ များဖြစ်သည့် ကိုဒင်နီယယ်။ ကို အောင်နိုင်ထွေး။ကိုညီညီ၊ ကိုထင်ကျော်ထက် တို့ က ကြီးမှူး၍ ၈၈ စစ်ကြောင်းမှ လမ်းလျှောက်သူ များ အားဒေသခံများမှ ကြိုဆို.လက်ကမ်းပွဲအားပြုလုပ်ခဲ့ပါသည်။

ထို့ အပြင်. လာမည့် ဇွန်လ ၇ ရက်နေ.တွင် Indiana ပြည်နယ် Forth wyane မြို့ တွင်. Indiana ရှိမြန်မာ မျိုးချစ်အဖွဲ့ များနှင့်တွေ့ ဆုံပြီး ဒီမိုကရေစီရရှိရန် ကြိုးပမ်းမှု များကို ဆက်လက် အကောင်အထည် ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။.

0 comments:

 
/* EOT ----------------------------------------- */