Monday, June 9, 2008

ကျေးဇူးတင်လွှာ


ဇွန်လ ၇ ရ က် နေ့ ၂၀၀၈ တွင် ကိုဇော်မင်းထွေးနှင့် ကိုအေသင်တို့  အင်ဒီယားနားပြည်နယ်ရှိ ဖို့ ဝိန်း မြိုသို့ ဝင် ရောက်ခဲ့ရာ ၄င်းပြည်နယ် အတွင်းနေထိုင်လျက်ရှိကြသော ယခင် ရဲဘော် ဟောင်းများဖြစ်သည့် မကဒတ တပ်ဖွဲ့ ဝင်ဟောင်းများ ၊လူမျိုးစုအဖွဲ့  အစည်းမှတာဝန် ထမ်းဆောင်ဆဲပုဂ္ဂိုလ်များ၊ ၁၉၈၈ ကျောင်းသား မျိုးဆက်များနှင့် မျိုးဆက်သစ် ပြည်ချစ်လူငယ်များ မှရင်းနီးစွာဖြင့်ကြိုဆိုပွဲပြုလုပ်ခဲ့ခြင်း အပေါ် ၈၈ကျောင်းသား မျိုးဆက် များမှ နေ၍ အသိမှတ်ပြုမှတ်တမ်း ပြုစုအပ်ပါသည်။

နောင်တော်တို့ အနေနှင့် လည်းအခါအား လျော် သလိုဗမာပြည် အရေးနှင့်ပါတ်သက်၍တတ်နိုင်သည် ဖက်မှ ကုညီပံ့ပိုး နေလိမ့် မည် ဟု ၈၈ ကျောင်းသားမျိုးဆက်မှမျှော်လင့်ပါသည် ။

ကိုဇော်မင်းထွေး နှင့် ကို အေသင် တို့  လွန်ခဲ့သည့် ၃ လမှ စ၍ အမေရိကန်ပြည်ထောင်စုကုန်းပြင်မြင့် အနောက်ဖက် ခြမ်းရှိ အော်ရီဂွန် မြို့  မှ အရှေ့ ဖက်ခြမ်းတွင် တည်ရှိလျက်ရှိသော နယူးယောက်ခ် မြို့  သို့ဦးတည်လျက် မိုင်ပေါင်း၃၀၀၀ ကျော်ချီတက်လျက် ကမ္ဘာတ၀ှမ်းမှ ပြည်သူများ နိုင်ငံအသီးသီး မှနယ် ခြား နိုင် ငံသားများအား ဗမာပြည်၌ဖြစ်ပျက်နေသော နိုင်ငံရေးအခြေအနေနှင့် လူမဆန်စွာ အုပ်စိုးနေမှု အပေါ် မီးမောင်းထိုးပြသည့် အနေနှင့်သော်၎င်း။ ကမ္ဘာ့ကုလသမဂ္ဂ မှဦးဆောင်၍ လူအခွင့်အရေးချိုးဖေါက်နေသော ဗမာ စစ်အကြမ်းဖက် စစ်အစိုးရအား အရေးယူဆောင်ရွက်စေရန်ရည် ရွယ်လျက် နေ့ စဉ်ရက်ဆက် ချီတက်ဆန္ဒ ပြမှု အပေါ် စိတ်အားအရသော်၎င်း အခြားသောဘက်ပေါင်းစုံမှ ကူညီပေးခဲ့သူ များအားလုံးကို ဤနေရာမှနေ၍ မှတ်တမ်းတင်အပ်ပါသည်။

ကို အေသင်နှင့် ကိုဇော်မင်းထွေး မှာ ယခု ဆိုလျင် မိုင်ပေါင်း ၂၅၀၀ နီးပါးဖြတ်သန်းခဲ့ပြီးပြီ ဖြစ်ပြီး ကျန် ရှိနေသေးသော မိုင်ပေါင်း ၇၀၀ ကျော် ကို နောက် နှစ်လအတွင်း ၈-၈-၈၈ မတိုင်မှီ ကုလသမဂ္ဂရုံးသို အရောက် ချီတက်သွားမည် ဖြစ်ပါသည် ။ လက်ရှိ ရာသီဥတု အခြေအနေမှာ ယခင်ကဲ့သို့ မဟုတ်ဘဲ အလွန်ပူပြင်းသည် ရာသီဥတုကို နေ့ စဉ်ရရှိနေသောကြောင့် ခရီးသွားမိုင်နုန်ုးမှာ ၃၀မိုင်နုန်း မှ တနေ့ လျင် ၂၅ မိုင်နုန်းဖြင့် ချီတက်သွားမည်ဖြစ်ပါကြောင်း နှင့် ရှေ့ ခရီးတလျှောက်တွင် ပါဝင် လမ်းလျှောက်လိုပါကလည်း ကိုအေသင် နှင့် ကို ဇော်မင်းထွေးတို့  အားဆက်သွယ်မေးမြန်းလျက် အတူပါဝင် ချီတက်နိုင်ပါကြောင်း အသိပေးအပ်ပါသည် ။

ဗမာပြည် လွတ်မြောက်ရေးနှင့်ငြိမ်းချမ်းရေးကို ဦးတည်လျက်။

၈၈ ကျောင်းသား မျိုးဆက်

0 comments:

 
/* EOT ----------------------------------------- */