ငိုကြွေးခဲ့ရသောဖခင်၏ဝေဒနာ...
ဘယ်ဆီမှာလည်း..ပျောက်သော ချစ်သား.
ငယ်ငယ်ကတည်းက..
လိုချင်တာ ငိုမပြ
ဂျီမကျပါတဲ့ချစ်သား။
လမ်းလျှောက်တတ်ခါစ ကစ
ချီပိုး မခံ..
ကိုယ်ပိုင်ခြေနဲ့ လမ်းလျှောက်ချင်တဲ့ချစ်သား။
ကျောင်းမှန်မှန်တက်..စာမခက်
အိမ်စာမပျက်တဲ့ချစ်သား။
မိသားစုတာဝန်
ကျိုးကျိုးနွံ
တာဝန်ကျေတဲ့ချစ်သား။
၁၉၈၈ ..တော်လှန်ရေးဖြစ်
တိုင်းပြည်တာဝန် သဲတမှုန်အဖြစ်
ကျေပြွန်လိုတဲ့ချစ်သား
ကျောင်းကိုစွန့်  အိမ်ကိုစွန်
မကြောက်မရွံ့ ။ နောက်မတွန့် တဲ့ခြေလှမ်း
တော်လှန်ရေး ခရီးကြမ်းဆီ။
အဖေအတွက်ချန်ခဲ့တဲ့စာ.
“ သားကိုခွင့်လွှတ်ပါ။”
နှစ် ၂ဝ ကျော်..ပျောက်ဆုံး..
ဒီလို..သားသမီးဆုံးတဲ့ မိသားစု.
ဘယ်လောက်များ..ရှိပါ့မလဲ။
ဘယ်လောက်များ..ပူပင်ကြရမလဲ။
ဝေးရာကမျှော်မှန်း
သားရယ် ဘယ်ဆီရော်ရမ်း.
တွေ့ ရနိုးနိုး..ပြန်လာနိုးနိုး
အဖေ..တို့ မျှော်ကိုးလည်း..
ကြာကြာလေ..ပိုပျက်.
နအဖ လက်ထဲက မြန်မာပြည်။
ပြန်တွေ့ ကြ ဖို့ လမ်းမမြင်ပြီ။
တောခိုကျောင်းသား..သားလေးအပြန်ဆီ။
မသဒ္ဓါ ( ၇။၇။၂၀၀၈)
သားငယ်၏ ရင်တွင်းမီး မှတ်တမ်း..
ကျနော် အိမ်လွမ်းသော်လည်း..ဖေဖေ..
ဒီအချိန်ဆို..ဖအို..
အလုပ်ပြီးချိန် အိမ်ရောက်.
ထမင်းအိုးတည်ရမဲ့အချိန်။
အလိုက်မသိညီငယ်..
လျှောက်လည်တာ လိုက်ဖမ်း.
အဖေရယ် ပင်ပန်းနေမှာ။
လေငန်းဖြတ် မသန်တဲ့အဖေ့ခြေ.
ယိုင်နဲ့ နဲ့  သူခြေလှမ်းတွေ.
သဘောထားမဆိုင်..ကွဲလွဲ
ရွာပြန်သွားတဲ့ အမေ.
သားကြီးမို့  အဖ အရာ
ကျနော်ဘဲရှိတာ..
ကျနော့ အသက် ၁၆ နှစ်။
ဒို့ အရေး အော်တဲ့ခေတ်.
ကျနော့တွဲဘက်သူငယ်ချင်း
သွေးချင်းနီ ဦးနှောက်ထွက်
ရက်စက်တဲ့စစ်သား။
တော်လှန်ရန် ကျနော်သွားတော့မယ်။
နှုတ်ဆက်တယ် အဖေ။
နားလည်ပေးပါ.ကျနော့ အခြေအနေ။
တောတွင်းမှ..ကြမ်းတမ်းဘဝ
ဗမာပြည် လွတ်လပ်ရေးရဖို့ 
သွေးနဲ့  ချွေးအသက်
ကျနော်တို့ ပေးဆက်ခဲ့သည်။
မိသားစုရဲ့ နွေးထွေးတဲ့အရိပ်..
တသက်ပြန်အိပ်ရဖို့ လမ်းမမြင်..
လွတ်လပ်ကြဖို့  ကျနော်တို့ ငြမ်းဆင်
ကြမ်းချင်သလောက်သာ..ဘ၀ကြမ်း
နွမ်းသွားပါစေ..ကျနော်တို့ ဘ၀များ
မျိုးဆက်များအတွက်
သွေးကြွေးဆပ်ခဲ့တဲ့ကျနော် ရဲရင့် ခွပ်ဒေါင်း
ကျောင်းသားတပ်မတော် ရဲ့ ရဲဘော်..
ကျနော်သေပျော်တယ် အဖေ။
လွတ်လပ်ပါမှ..အမျှသာဝေ။
မသဒ္ဓါ ( ၇။၇။၂၀၀၈)
ခေတ်ဆိုးတစ်ခုတွင်..မွေးဖွားကြီးပျင်းလာရသော မျိုးဆက်တခုအနေဖြင့် ပေါက်တဲ့နဖူး. မထူး.။ လှေခွက်ချည်း ကျန် ကျန်..အလံမလှဲ။အသက်သွေးချွေး.စတေး ကာ နောင်မျိုးဆက်သစ်များအတွက်.တော်လှန် ရေးကို အပြီး တိုင် ဆင်နွဲကြပါစို့ ။
Thursday, July 10, 2008
၈၈၈၈ မျိုးဆက်၏ အညတြဒဏ္ဍာရီ
ဤကဲ့သို့  အရွယ်နှင့်မမျှ..ကြမ်းတမ်းသောဘ၀တွင်.ကျောင်းသားရဲဘော်များအဖြစ် ဖြတ်သန်းလာကြရသော မောင်ငယ်ညီမငယ်လေးများ။ လွမ်းဆွတ်ပူပန် ခဲ့ကြရသော မိဘဆွေမျိုးသားချင်းများနှင့် ချစ်သူ ရည်းစားများ အားလုံးကိုစာနာစွာ ဂုဏ်ပြုပါသည်။
Posted by လွတ်မြောက်ရေးအတွက်.ခြေလှမ်းများ at 11:40 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment